အမှတ်စာရင်း ထုတ်ပေးမည့် အစီအစဉ်ကြေညာခြင်း

၁။       ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ၁၃-၈-၂၀၂၅ ရက်နေ့မှစတင်၍ နံနက် (၉း၃၀) နာရီမှ နေ့လယ် (၁၄း၀၀)နာရီအထိ အောက်ပါအတိုင်း ရက်အလိုက် စတင်ထုတ်ပေးသွားပါမည် -

(က)

၁၃-၈-၂၀၂၅

(ဗုဒ္ဓဟူးနေ့)

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊

ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်

(ခ)

၁၄-၈-၂၀၂၅

(ကြာသပတေးနေ့)

၁၃-၈-၂၀၂၅ ရက်နေ့တွင် ထုတ်ပေးသည့် ပြည်နယ်များနှင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး

 

၂။       ကျန်ရှိသည့် တိုင်းဒေသကြီးများအတွက် အမှတ်စာရင်းထုတ်ပေးမည့်ရက်ကို ဆက်လက်ကြေညာ ပေးပါမည်။

၃။       အမှတ်စာရင်းများ ထုတ်ပေးရာတွင် နေပြည်တော်ရုံးချုပ်တွင် ကောင်တာ (၄)ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ် ထုတ်ပေးပါ မည်။

၄။       ထိုသို့ထုတ်ပေးရာတွင် တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင်(၅၀)ခု ထုတ်ပေး ဆောင်ရွက်သွားပါမည်။ အမှတ်စာရင်း လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုအပေါ် မူတည်၍ တိုးမြှင့်ဆောင်ရွက် ပေးသွားပါမည်။

၅။       အမှတ်စာရင်းထုတ်ပေးရာတွင် တစ်ဦးလျှင် အများဆုံး (၃)စောင်အထိ လက်ခံ ဆောင်ရွက်ပေးပါ မည်။

၆။       တိုကင်ထုတ်ယူရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား/ ယာဉ်မောင်းလိုင်စင်/ ကျောင်းသား ကတ်/အခြားအထောက်အထားကတ်(ID) တစ်ခုခု ယူဆောင်လာရပါမည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန