အမှတ်စာရင်း ဆက်လက်ထုတ်ပေးမည့် အစီအစဉ်ကြေညာခြင်း

၁။       ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ပြည်နယ်/တိုင်းဒေသကြီးအလိုက် ရက်သတ်မှတ်၍ ထုတ်ပေးလျက်ရှိရာ ၁၃-၈-၂၀၂၅ ရက်နေ့နှင့် ၁၄-၈-၂၀၂၅ ရက်နေ့များတွင် ထုတ်ပေး မည့် ပြည်နယ်/တိုင်းဒေသကြီးများစာရင်းကို ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။       ဆက်လက်၍ အောက်ပါအတိုင်း တိုင်းဒေသကြီးအလိုက် သတ်မှတ်ရက်များတွင် နံနက် (၉း၃၀) နာရီမှ နေ့လယ် (၁၄း၀၀)နာရီအထိ အမှတ်စာရင်းများ ထုတ်ပေးသွားပါမည် -

(က)

၁၅-၈-၂၀၂၅

(သောကြာနေ့)

၁၄-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့်

ဧရာဝတီတိုင်းဒေသကြီး

(ခ)

၁၈-၈-၂၀၂၅

(တနင်္လာနေ့)

၁၅-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့်

နေပြည်တော်ကောင်စီနယ်မြေ

(ဂ)

၁၉-၈-၂၀၂၅

(အင်္ဂါနေ့)

၁၈-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့်

 မန္တလေးတိုင်းဒေသကြီး

(ဃ)

၂၀-၈-၂၀၂၅

(ဗုဒ္ဓဟူးနေ့)

၁၉-၈-၂၀၂၅ ရက်နေ့ထိ ထုတ်ပေးသည့် ပြည်နယ်/တိုင်းဒေသကြီး များနှင့်

 ရန်ကုန်တိုင်းဒေသကြီး

၃။       အမှတ်စာရင်းများ ထုတ်ပေးရာတွင် နေပြည်တော်ရုံးချုပ်တွင် ကောင်တာ (၄)ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ (၁၀)ခု ဖွင့်လှစ်ပြီး ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကောင်တာများသတ်မှတ် ထုတ်ပေးပါ မည်။

၄။       ထိုသို့ထုတ်ပေးရာတွင် တိုကင်စနစ်ဖြင့် ထုတ်ပေးမည်ဖြစ်ပြီး ကနဦးတွင် တိုကင်(၅၀)ခု ထုတ်ပေး ဆောင်ရွက်သွားပါမည်။ အမှတ်စာရင်း လုပ်ငန်းဆောင်ရွက်ပေးနိုင်မှုအပေါ် မူတည်၍ တိုးမြှင့်ဆောင်ရွက် ပေးသွားပါမည်။

၅။       အမှတ်စာရင်းထုတ်ပေးရာတွင် တစ်ဦးလျှင် အများဆုံး (၃)စောင်အထိ လက်ခံ ဆောင်ရွက်ပေးပါ မည်။

၆။       တိုကင်ထုတ်ယူရန်အတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား/ ယာဉ်မောင်းလိုင်စင်/ ကျောင်းသား ကတ်/အခြားအထောက်အထားကတ်(ID) တစ်ခုခု ယူဆောင်လာရပါမည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန