ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။         ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင် အသုံးပြုရန်အတွက် စက္ကူထုပ်များကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းအား အိတ်ဖွင့်တင်ဒါ တင်သွင်းခွင့်နှင့်ပတ်သက်၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နေရသော ကာလဖြစ်ပါ၍ ယခင်ခေါ်ယူခဲ့သော တင်ဒါဖွင့်မည့်ရက်ကို ခေတ္တဆိုင်းငံ့ခဲ့ပါသည်။

၂။         ယခုအခါ တင်ဒါနောက်ဆုံး ဖွင့်လှစ်မည့် နေ့ရက်နှင့်အသေးစိတ် အချက်အလက်များကို အောက်ပါအတိုင်း သတ်မှတ်ပါသည်-

(က)      တင်ဒါ ပုံစံတင်သွင်းရမည့် နောက်ဆုံးရက်၊ (၁၁-၂-၂၀၂၁) (ကြာသပတေးနေ့)

(ခ)        တင်ဒါ ပုံစံတင်သွင်းရမည့် နေရာ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရုံးအမှတ်(၅၂)၊ ရှေ့အဝင်ဂိတ်၊ နေပြည်တော်

(ဂ)        အရည်အသွေး စစ်ဆေးခြင်း လုပ်ငန်းအား မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ (ရန်ကုန်-ရုံးခွဲ)တွင် (၁၈-၂-၂၀၂၁) ရက်နေ့ (ကြာသပတေး)နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ပြီး၊

ကုမ္ပဏီတစ်ခုလျှင် အများဆုံး (၂)ဦးသာ (COVID-19) ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ ဝင်ရောက်ခွင့်ပြုပါမည်။

(ဃ)      တင်ဒါ ဖွင့်မည့်နေ့ (၂၅-၂-၂၀၂၁) ရက်နေ့ (၁၀:၀၀)နာရီချိန်တွင် Zoom Meeting ဖြင့် ဈေးနှုန်း ယှဉ်ပြိုင်မည် ဖြစ်ပြီး ဖွင့်မည့်နေ့မတိုင်မီ တစ်ရက်အလို (၂၄-၂-၂၀၂၁) ရက်နေ့ (၁၀:၀၀)နာရီချိန်တွင်

Zoom Meeting ဖြင့်အစမ်းလေ့ကျင့်သွားမည်ဖြစ်ပါသည်။

             

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန

ရုံးအမှတ်(၅၂)၊နေပြည်တော်