၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာခေါ်ယူခြင်း

၁။         ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် (၂၀၀)ကျပ်နှင့်စာမေးပွဲဝင်ကြေး အတွက် (၇ဝ၀)ကျပ်တန်ဖိုးရှိ     ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို   မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂) နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရန်ကုန်ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ ရောင်းချပေးမည်ဖြစ်ပါသည်။

၂။         ကျောင်းတွင်းမှဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် ဖြေဆိုခွင့်လျှောက်လွှာများကို သက်ဆိုင်ရာ ကျောင်းများမှလည်းကောင်း၊ ပြင်ပမှဖြေဆိုမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများမှ လည်းကောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ် စေလွှတ်၍  လာရောက်ဝယ်ယူရန်ဖြစ်ပါသည်။

၃။         တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံများကို ဖြေဆိုမည့် ဘာသာတွဲအလိုက် အစိမ်းရောင်နှင့် ပန်းရောင် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထားပါသည်။

၄။         အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများသည် လျှောက်လွှာတစ်စောင်ချင်းစီတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများကို ကပ်၍ မိမိတို့ ကျောင်းအလိုက် ဖြေဆိုခွင့်လျှောက်လွှာများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စက်တင်ဘာလ(၃၀) ရက်‌နေ့အတွင်း တင်သွင်းကြရမည်ဖြစ်ပါသည်။

၅။    ပြင်ပမှဖြေဆိုရန် လျှောက်လွှာတင်သွင်းမည့်သူများသည် သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးများတွင် ပညာရေးဝန်ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းများနှင့် လျှောက်လွှာများဝယ်ယူပြီး ဖြေဆိုခွင့်လျှောက်လွှာ၏ လက်ဝဲဘက် ထိပ်ပိုင်းတွင်     အဆိုပါ ငွေသွင်းတံဆိပ်ခေါင်းကပ်၍     မိမိတို့ အမှန်တကယ်နေထိုင်သည့်    မြို့နယ်ပညာရေးမှူးရုံးတွင်  ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အတွင်း တင်သွင်းကြရမည် ဖြစ်ပါသည်။

၆။        သတ်မှတ်ထားသော ရက်များအတွင်း အချိန်မီ ပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိကြမည် မဟုတ်ပါ။

၇။        စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားတို့တွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှအပ အခြား ဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်ပါသဖြင့် မိမိတို့ဖြေဆိုမည့် ဘာသာတွဲအလိုက် ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးပြီး ဖြေဆိုမည့်သူကိုယ်တိုင် ဖြည့်စွက်လျှောက်ထားကြရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန